ဂျေရုဆလင်တွင် အမေရိကန်ကောင်စစ်ဝန်ရုံး ပြန်ဖွင့်ခဲ့သည့်အပေါ် အစ္စရေး ဝေဖန်

အမေရိကန်က သူ့ရဲ့ကောင်စစ်ဝန်ရုံးကို အစဉ်အလာအားဖြင့် ပါလက်စတိုင်းတွေအတွက် အဝေးရောက် သံတမန်ရေးအခြေစိုက်နေရာဖြစ်တဲ့ ဂျေရုဆလင်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေတာ မကောင်းတဲ့ အတွေးအခေါ်ပဲလို့ အစ္စရေးအစိုးရက စက်တင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်ရဲ့ အစိုးရသစ်ကို မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့လည်း ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပါလက်စတိုင်းနဲ့ ဆက်ဆံရေးပြန်စပြီး နှစ်နိုင်ငံ ဆုံးဖြတ်ချက်ဆီ ပြန်သွားဖို့နဲ့ ကောင်စစ်ဝန်ရုံးကို ပြန်ဖွင့်ရေး ရှေ့တိုးဆောင်ရွက်ဖို့ ကတိပေးခဲ့ပြီး သားပါ။
ကောင်စစ်ဝန်ရုံးကို ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားခဲ့ပါတယ်။ ဒီသံရုံးက ပါလက်စတိုင်း တွေရဲ့ ကိစ္စတွေကို ကိုင်တွယ်ခဲ့ပါတယ်။
ကောင်စစ်ဝန်ရုံး ပြန်ဖွင့်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ယဲရ်လာပစ်က ဂျေရုဆလင်ဟာ အစ္စရေးတနိုင်ငံတည်းရဲ့ အချုပ်အ ခြာမြို့တော် ဖြစ်တယ်။
ဒါကြောင့် အမေရိကန်ရဲ့ ကောင်စစ်ဝန်ရုံး ဖွင့်မယ့်ကိစ္စက အတွေးအခေါ်ကောင်းလို့ မထင်ဘူးလို့ ပြောခဲ့ပါတယ်။
ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့အရာရှိ ဝါဆယ် အဘူ ယူဆွတ်ဖ်ကို မေးရာမှာတော့ အစ္စရေးဟာ နေမြဲ ရှိမြဲတိုင်း အနေအထားကို ဆက်ထိန်းထားဖို့ ကြိုးစားနေပြီး ဘယ်လိုနိုင်ငံရေး အဖြေကိုမဆို ပိတ်ဆို့နေတယ်လို့ ပြောပါတယ်။
ဂျေရုဆလင်နဲ့ ပတ်သက်လာရင် နိုင်ငံတကာ ဥပဒေအရ စဉ်းစားမယ်ဆိုရင် ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အနေနဲ့ ဂျေရုဆလင်မှာ ပါလက်စတိုင်း ကောင်စစ်ဝန်ရုံး ပြန်ဖွင့်ဖို့ လိုအပ်တယ်လို့ အဘူယူဆွဖ်က ပြောပါတယ်။
အမေရိကန်သံရုံးကတော့ မှတ်ချက်ချက်ချင်း မပေးသေးပါဘူး။ အစ္စရေးက ဂျေရုဆလင် တမြို့လုံးကို ခွဲမပေးနိုင်တဲ့ မြို့တော်အဖြစ် မှတ်ယူထားပြီး နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။ အစ္စရေးဟာ ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အနောက်ဘက်ကမ်းဒေသ၊ ဂါဇာနဲ့ အရှေ့ ဂျေရုဆလင်တို့ကို တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။