အမေရိကန်တွင် လေယာဉ်ပျက်ကျသဖြင့် ၄ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု ကွန်နက်တိကက်ပြည်နယ်မှာ စက်တင်ဘာ ၂ ရက်က အဆောက်အအုံတစ်ခုထဲ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရိုက်တာနဲ့ မျှဝေထားတဲ့ ဗွီဒီယိုမှာတော့ ဖှာမင်တန်မြို့က အဆောက်အအုံ တစ်ခုရဲ့အပြင်ဘက်မှာ မီးလောင်နေတာကို ပြထားပါတယ်။
လေယာဉ်ပျက်ကျချိန်မှာ ၀န်ထမ်း ၁၀၀ လောက် ရှိနေတဲ့ Trumpf Inc အဆောက်အအုံ တစ်ခုတည်းကို လေယာဉ်က ပျက်ကျသွားခဲ့တာလို့ ဒေသမီဒီယာတွေက အစီရင်ခံပါတယ်။
Cessna Citation 560X အမျိုးအစား လေယာဉ်ပေါ်မှာ လေယာဉ်မှူးနှစ်ဦးနဲ့ ခရီးသည်နှစ်ဦး လိုက်ပါလာတယ်လို့ ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ (FAA) က မီဒီယာတွေ ကို ပြောကြားခဲ့ပါတယ်။
Plainville မြို့ရှိ Robertson လေဆိပ်ကနေပျံတက်ပြီးနောက် လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချရမှုဘုတ်အဖွဲ့နဲ့ FAA တို့က ဒီ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။