close

လှိုင်မြို့နယ်က စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ စက်တင်ဘာ ၂ ရက် ညနေပိုင်းက စစ်ကောင်စီကို သတင်းပေးနေတဲ့  ရာအိမ်မှူး အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရပ်ကွက်ထဲမှာ စစ်တပ်ကိုသတင်းပေးနေတဲ့ ရာအိမ်မှူး ဂျုလှိုင်(ခ) မင်းမင်းထွန်းကို ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ သေနတ်နဲ့ ၄ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူကြောင့်ကလေးတွေအဖမ်းခံရတာများပြီ ဆန္ဒပြထဲက သတင်းပေးနေတာ ခုထိ စစ်ကောင်စီအားကိုးနဲ့  အရှိန်ဝါပြနေတဲ့ ကောင်ပေါ့ အဲ့တာကြောင့် ရှင်းရတာပါ''လို့ ပြောပါတယ်။

အဆိုပါ ရာအိမ်မှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက်ပိုင်း မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲက ရောက်လာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးကာ ည ၁၂ နာရီကျော်တဲ့ထိ ဧည့်စာရင်းစစ်ဆေးခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်မြို့နယ်မှာ သြဂုတ် ၂၉ ရက်နေ့က စစ်ကောင်စီ အမာခံသတင်းပေးဖြစ်တဲ့ ဦးတင်လှိုင်ကိုလည်း PDF ဘက်က သေနတ်နဲ့ ၅ ချက်ပစ်ခတ်  ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up