ကိုဗစ်ကာကွယ်ဆေးမထိုးသည့် ဂရိကျန်းမာရေးလုပ်သား ၆၀၀၀ ခန့် အလုပ်မှ ဆိုင်းငံ့ခံရ

ဂရိနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့ ရှေ့တန်းကျန်းမာရေးစောင့်ရှောက်မှုလုပ်သား ၆၀၀၀ နီးပါးလောက် အလုပ်တွေကနေ ဆိုင်းငံ့ခံခဲ့ရပြီးနောက်မှာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် ရာပေါင်းများစွာဟာ လမ်းပေါ်ထွက် စက်တင်ဘာ ၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု၀န်ထမ်းအားလုံးကို သူတို့အလုပ်တွေ ဆက်မြဲနေဖို့ စက်တင်ဘာ ၁ ရက်မတိုင်မီ အနည်းဆုံး ဆေး ၁ ကြိမ် ထိုးပြီးသားဖြစ်ရမယ်လို့ ပြောထားပါတယ်။
ကာကွယ်ဆေးမထိုးထားတဲ့ ၀န်ထမ်းစုစုပေါင်း ၁၀၀၀၀ လောက်ကို အလုပ်ရပ်နားခံရ နိုင်တာကြောင့် ကူးစက်မှုတွေ ဆက်လက်မြင့်မားနေပြီး နောက်ထပ်လည်း မြင့်မားနိုင်ခြေရှိနေတဲ့ အချိန်မှာ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်တဲ့ ဂရိဆေးရုံတွေမှာ လုပ်ငန်းလည်ပတ်မှု အပိုင်းအခက်အခဲတွေ ဖြစ်လာပါတယ်။
ဒီအစီအမံဟာ တရားမျှတမှု မရှိသလို အစိုးရအနေနဲ့ သူ့ရဲ့ရပ်တည်ချက်ကို ပြန်စဉ်းစားသင့်တယ်လို့ ဂရိဆေးမှူးများသမဂ္ဂဥက္ကဋ္ဌက ဂီအန်နစ်က ပြောပါတယ်။
ဘယ်ပြဿနာကိုမဆို ဖြေလျှော့ဖို့ ကြိုးစားနေတဲ့ ဂရိအစိုးရက လာမယ့်ရက်တွေမှာ ပထမဆုံး ဆေးထိုးထားတဲ့ အလုပ်သမားတွေကို အလုပ်ဆိုင်းငံ့ခြင်းကနေ ချက်ချင်းပဲဖယ်ရှားပြီး သူတို့ရဲ့အလုပ်တွေကို ပြန်လုပ်ခွင့်ပေးဖို့ ဥပဒေကို ပြင်ဆင်လိမ့်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
အဓိကအခြေအနေကတော့ သူတို့ ကာကွယ်ဆေးထိုးခြင်းကသာ အဆုံးအဖြတ်ပေးမှာလို့ ဆိုပါတယ်။