close

ခင်ဦးမြို့တွင် ဆိုင်ကယ်ပြုပြင်သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ စာတိုက်ရုံးထောင့်မှာ ဆိုင်ကယ်ပြုပြင်ရေးဆိုင်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ အောင်ကိုကို ကို စက်တင်ဘာလ ၄ ရက် နေ့လယ်ပိုင်းမှာ မေးစရာရှိလို့ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မိတ်ဆွေတစ်ဦးက DVB ကိုပြောပါတယ်။

“ဖမ်းသွားတုန်းကတော့ ဆိုင်ကယ်ကိစ္စနဲ့ ခဏလို့ပြောတာ၊ နောက်စုံစမ်းကြည့်လိုက်တော့ မြို့ပေါ်က ဒလန်အိမ်ဖျက်ဆီးမှုမှာပါတယ်ဆိုပြီး ဖမ်းတာလို့ သိလိုက်ရတယ်။ အခုချိန်အထိလည်း လွှတ်မပေးသေးတော့ သူမိသားစုကလည်း စိတ်ပူနေကြတာပေါ့။ ကလေးက မိသားစုလုပ်ကျွေးနေရတာ၊ တခြားကိစ္စ သူ့မှာဘာမှမရှိဘူး၊ အခုလိုလိမ်ညာပြောပြီး ဖမ်းသွားတော့ စိတ်ပူတာပေါ့၊ ဟိုရောက်လို့ တပ်ချင်တဲ့ ပုဒ်မတပ်လိုက်ရင် သူ့အတွက်အရမ်းနစ်နာသွားမှာ။” 

ကိုအောင်ကိုကိုဟာ စစ်ကောင်စီသတင်းပေးဒလန်လို့ သတ်မှတ်ခံထားရသူ ကြက်ကလေးဆိုသူရဲ့ အိမ်ဖျက်ဆီးမှုမှာ ပါဝင်လို့ ဖမ်းဆီးရတာလို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ခင်ဦးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မတရားစွပ်စွဲဖမ်းဆီးခဲ့တဲ့ အပြစ်မဲ့ပြည်သူ ၄၀ ကျော်ရှိပြီး စျေးသည် ၂ ဦး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၂ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၆ ဦးကိုလည်း ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up