close

အင်းစိန်မြို့သစ်က ရဲသတင်း​ပေး ၁ ဦး ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရ

ရန်ကုန်၊ အင်းစိန်မြို့သစ်က ရဲသတင်းပေးလို့ လူသိများသူ အမျိုးသား ၁ ဦး  စက်တင်ဘာ ၄ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီ  ဝန်းကျင်လောက်က  ခ- ၅လမ်း လမ်းထိပ်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ခေါင်းကို ငါးချက် ပစ်ခံရတယ်၊ ပွဲချင်းပြီး သေတယ်၊ သူ့ကြောင့် ဖမ်းခံရထားသူတွေ အများကြီးပဲ၊ သူက အရင်ကတည်းက ရဲသတင်းပေးလုပ်တာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အသတ်ခံရသူ ဦးစိုးမြင့်ထွေးက အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး သူနေထိုင်တဲ့ ခ-၇ လမ်းကနေ ဆိုင်ကယ်နဲ့ထွက်လာပြီးနောက် ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပစ်သတ်သွားတဲ့အဖွဲ့ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲသတင်းပေးလို့ အများက သိကြသူ အသတ်ခံရသူ ဦးစိုးမြင့်ထွေးကြောင့် ရပ်ကွက်အတွင်းက ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up