အိန္ဒိယတွင် သွေးလွန်တုပ်ကွေးနှင့်အဖျားရောဂါကြောင့် လူ ၅၀ ခန့် သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း Firozabad-ဖှီရိုဇာဘဒ်ခရိုင်မှာ သွေးလွန်တုပ်ကွေးနဲ့ တခြား အဖျားရောဂါတွေကြောင့် အနည်းဆုံးလူ ၅၀ ခန့် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက စက်တင်ဘာ ၃ ရက် မှာ ပြောပါတယ်။
အဲဒီဒေသဟာ ကလေးငယ်တွေမှာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေအပြင် ဗိုင်းရပ်စ်ကြောင့် ဖျားနာကြတာတွေလည်း ဖြစ်နေတာပါ။
မနေ့ကညနေပိုင်းအထိ လူငါးဆယ် သေဆုံးတာမှာ အဲဒီအထဲက တချို့က သွေးလွန်တုပ်ကွေးရောဂါကြောင့်လို့ အတည်ပြုခံရပြီး တချို့ကတော့ အဖျားကြောင့်ဖြစ်တယ်လို့ ဖှီရိုဇာဘဒ် ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဒေါက်တာ Dinesh Kumar Premi ကပြောပါတယ်။
များပြားလာတဲ့ လူနာတွေကို နေရာချပေးဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဆေးကောလိပ်က မီးဖိုချောင်ခန်းတွေနဲ့ ပစ္စည်းသိုလှောင်ခန်းတွေမှာပါ ခုတင်အပိုတွေ ပြင်ဆင်ထားရပါတယ်။
ဝေဒနာရှင်အများစုဟာ အသက်ရှင်ကြပေမယ့် ဗိုင်းရပ်စ်ကြောင့် နှစ်စဉ် လူနာ ၂ သောင်းလောက် သေဆုံးတယ်လို့ ခန့်မှန်းရပြီး အများစုဟာ ကလေးတွေဖြစ်ကြပါတယ်။