close

မိုင်းကိုင်စစ်ဘေးရှောင်များ ယာဉ်မတော်တဆဖြစ်၊ ၃ ဦးဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာနားမှာ ဒီကနေ့ မွန်းလွဲပိုင်းက စစ်ဘေးရှောင်ရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ယာဉ်မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

မိုးတွေရွာပြီး လမ်းချော်တာကြောင့် သူတို့လိုက်ပါလာတဲ့ ကားတစ်စီးဟာ လမ်းဘေးကို ထိုးကျသွားတာဖြစ်ပြီး ကံအားလျော်စွာ ကြီးကြီးမားမားဒဏ်ရာရတာတော့မရှိဘူးလို့ သူတို့ကို သွားရောက်ကူညီနေတဲ့ သံဃံ‌ေဩာဝါဒခံ နာရေးကူညီမှုအသင်းမှ ကိုမင်းသူက ဒီဗွီဘီကို ပြောပါ တယ်။ 

“ပန်ကေတုရွာကနေ နည်းနည်းလေး ၅ မိနစ်လောက်မောင်းလိုက်ရင် အဲ့နားလေးမှာ ကုန်းတက်လေးရှိတယ်။  မိုးတွေကရွာ လမ်းကချော်ပြီး ကားက လမ်းဘေးကို တိမ်းမှောက်သွား တာခင်ဗျ၊  ထိခိုက်မိတာကတော့ ၃ ယောက်ပါ ၊ ဒါပေမယ့် လမ်းတော့လျှောက်လို့ရသေးတယ်၊ အရမ်းကြီးလည်းမဖြစ်တော့ ဒီရွာနားကဆေးခန်းမှာပဲ ကုလိုက်ပါတယ်။”

ဒါ့အပြင် နောက်ထပ် ပန်ပွဲရွာဘက်မှာလည်း ယာဉ်မတော်တဆထိခိုက်မှုရှိတယ်ဆိုလို့ လော လောဆယ် အဲဒီဘက်ကိုကူညီဖို့သွားနေကြောင်း၊ မရောက်သေးတဲ့အတွက် အကျိုးအကြောင်း မသိ ရသေးဘူးလို့ ဆိုပါတယ်။ 

မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု နမ့်အွန်ရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကစ ရှမ်းပြည်တပ်မတော် RCSS နဲ့ SSPP ပါတဲ့တပ်ပေါင်းစုတွေကြား တိုက်ပွဲဖြစ်ပြီး ဟိုခိုင်းအုပ်စုရှိ ရွာပေါင်း ၁၉ ရွာက ရွာသား ၂၀၀၀၀ ကျော်ဟာ မိုင်းကိုင်မြို့နယ် နောင်လျောဝ်၊ တုံလော၊ ပန်ကေတု၊ ဟမ်းငိုင်း၊ နောင်တောင်းစတဲ့ ကျေးရွာတွေဘက်မှာ စစ်ဘေးရှောင်နေကြတာပါ။ 

ယမန်နေ့ကတော့ တိုက်ပွဲဟာ စစ်ဘေးရှောင်တွေနားခိုရာ နောင်လျောဝ်ရွာနားနီးလာ တဲ့အတွက် နောင်လျောဝ်ရွာကနေနောက်ထပ်တစ်နေရာကို ထပ်ပြေးရပြန်ပါတယ်။ သူတို့တွေဟာ လမ်းခုလတ်ကနေ ဘယ်ရွာဘက်ပြေးရမလဲလို့ စဉ်းစားရခက်နေတုန်း နောင်လျောဝ်မှာ အခြေအနေ ပြန်ငြိမ်သွားပြီဆိုလို့ တချို့က နောက်ကြောင်းပြန်လှည့်ပေမယ့် တချို့က ဆက်ပြေးနေကြပါတယ်။

ပန်ကေတုရွာမှာတော့ ဘုန်းကြီးကျောင်းမှာရော စာသင်ကျောင်းတွေမှာ ရွာထဲမှာ စစ်ဘေး ရှောင်တွေပြည့်နေလို့ နောက်တနေရာတိမ်းရှောင်ဖို့ သွားရင်းနဲ့ လမ်းမှာ ခုလို ယာဉ်မတော်တ ဆဖြစ်ဟန်တူတယ်လို့ ကိုမင်းသူက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up