close

တောင်သာမြို့နယ် မန်ကျီးတဲပင် ကျေးရွာက Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

မန္တလေးတိုင်း တောင်သာမြို့နယ် မန်ကျီးတဲပင် ကျေးရွာက Mytel တာဝါတိုင်ကို Scorpions People Defence အဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့ ည ၈ နာရီလောက်  လက်လုပ်ဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Scorpions People Defence အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒီမိုအောင်က “မန်ကျီးတဲပင်တာဝါကို အောက်တိုဘာ ၂၈ ည ၈ နာရီအချိန်မှာ လက်လုပ်ဗုံးသုံးလုံးနဲ့ပစ်ခွဲပြီး စက်ပုံးတွေကို အဓိကထားဖျက်ဆီးခဲ့တယ်။ တာဝါတိုင်လဲရင် အနီးနားက အိမ်တွေကိုထိမှာစိုးလို့ စက်ပုံးတွေကိုပဲ အဓိကထားဖျက်ဆီးခဲ့တာပါ။” 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း တောင်သာမြို့နယ် နန်းတည်ရွာ မိုင်တဲတာဝါတိုင် စက်ထားရှိတဲ့အခန်းအား ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

Scorpions People Defence အဖွဲ့အနေနဲ့ မိုင်တဲတာဝါတိုင် ၃ တိုင်အထိ လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲဖျက်ဆီးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ သန်းခေါင်ယံအချိန်ကလည်း တောင်သာမြို့နယ် ခြုံကြီးကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို TTA ပြောက်ကျားတပ်၊   The Value of Young Men၊  Scorpions PDF ညီနောင် ၃ ဖွဲ့ပူးပေါင်းပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်။ 

နိုင်ငံတဝန်း စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်ပေါင်း ၁၂၀ ကျော် ဖောက်ခွဲဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up