ရီးရဲလ်တွင် အဆင်မပြေဖြစ်နေသည့် ဟာဇက်ကိုခေါ်ယူရန် ချဲလ်ဆီးနှင့် နယူးကာဆယ်ကြိုးပမ်း

ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းမယ်လို့ သိရပါတယ်။
ဟာဇက်ဟာ နည်းပြအန်စလော့တီနဲ့ အဆင်မပြေဖြစ်နေပြီး ဟာဇက်အစား တခြားကစားသမားကို အသုံးပြုရတာ ပိုမိုနှစ်သက်ကြောင်း နည်းပြ အန်စလော့တီကပြောထားပါတယ်။
အသက် ၃ဝ အရွယ် ဟာဇက်ဟာ ၂၀၁၉ ခုနှစ်က ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးနောက် လာလီဂါ ၅၂ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အမ်ဘာပေနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်လို့ ဟာဇက်ကိုရောင်းချပြီး ငွေရှာနိုင်ဖို့ စီစဉ်ထားတာပါ။
ဒီအခြေအနေကို အသင်းဟောင်း ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့က စောင့်ကြည့်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းဖို့ရှိပါတယ်။ ရီးရဲလ်ဘက်ကတော့ ဟာဇက်အတွက် ပေါင် ၄၂ သန်းရပါက ရောင်းချသွားမယ်လို့ သိရပါတယ်။