close

မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်း မီးရှို့ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်း အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီရဲကင်းစခန်းကို နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ CDSOM အဖွဲ့၊ TALOKE PDF၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ B.G.F အဖွဲ့၊ MSPDF အဖွဲ့၊  MYAUNG WOMEN WARRIORS(MWW) အဖွဲ့ နဲ့ မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

မြောင်ပြည်သူ့ကာကွယ်ရေးခေါင်ဆောင်ဗိုလ်တိုက်ဂါးက “ကျနော်တို့လည်း ရောက်ပြီး တစ်ကောင်မှမရှိဝောာ့ဘူး။ စခန်းက အခွံပဲကျန်တော့ အခွံပဲ ဖျက်ဆီးခဲ့တယ်။ ဘာတွေဖျက်ဆီးခဲ့တာလဲဆိုတော့ အတိအကျတော့ စာရင်းမှတ်မထားခဲ့ဘူးဗျ။ ပြောနိုင်တာတခုက မင်းအောင်လှိုင်ကို သစ္ဓာခံနေတဲ့ ‌အရိုးကိုက်သူဆိုရင် အကုန်ဖျက်ဆီးပစ်မယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ်အတွင်း တိုက်နယ်ရဲကင်းစခန်း မီးရှို့ခံရတာ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီဖြစ်ပြီး  ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မြောင်မြို့နယ် နဘတ်ကျေးရွာက ရဲကင်းစခန်းကို ဒေသခံ PDF က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up