close

ပြည်ကြီးတံခွန်မြို့နယ် KTV တခုတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲမီးလောင်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်၊ လမ်း ၇၀၊ ၁၃၆လမ်း နှင့် ၃၇လမ်းကြားရှိ KTV တခုမှာ အောက်တိုဘာ ၂၉ရက် ည ၉ နာရီ ၁၂ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

KTV ဝန်ထမ်းအိပ်ဆောင်အတွင်း ဖုန်းအားသွင်းရာမှ အပူလွန်ကဲ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီးလောင်ရာကို တိုင်းဒေသကြီး သန္ဓေတပ်ဖွဲ့ဝင်တွေ၊ အရန်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၀ မိနစ်လောက် မီးငြိမ်းခဲ့ပါတယ်။

မီးလောင်မှုကြောင့် ဝန်ထမ်းလိုင်းခန်း ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up