close

စပါးအသင်းကို ဆွဲဆောင်မှုရှိသည့် ကစားပုံရရှိအောင်တည်ဆောက်မည်ဟု နည်းပြသစ်ကွန်တီ ပြော

တော့တင်ဟမ်ဟော့စပါးအသင်းကို ဆွဲဆောင်မှုရှိတဲ့ ကစားပုံရရှိအောင်တည်ဆောက်သွားမယ်လို့ နည်းပြသစ်ကွန်တီက ပြောပါတယ်။

ကွန်တီဟာ မနေ့ကအသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ရေးကွင်းမှာ တွေ့ရပြီး သူ့ရဲ့ ဘောလုံးဒဿနအတိုင်း ဆွဲဆောင်မှုရှိတဲ့ကစားပုံရအောင် လုပ်ဆောင်မယ်လို့ ပြောခဲ့တာပါ။

တော့တမ်ဟမ်အသင်းနည်းပြ ဖြစ်လာတဲ့အပေါ် အလွန်ဂုဏ်ယူ ကျေနပ်မိပြီး အသင်းတာဝန်ရှိသူတွေဘက်က ယုံကြည်မှုအပေါ် ပြန်လည်ပေးဆပ်သွားမယ် လို့ ကွန်တီကပြောပါတယ်။ 

“ကျွန်တော့်ရဲ့ ဘောလုံးဒဿနက ရိုးရှင်းပါတယ်။ ပရိသတ်တွေအတွက် ဘောလုံးအကောင်းဆုံး ကစားပြီး ဆွဲဆောင်မှုရှိတဲ့ ကစားပုံတည်ဆောက်နိုင်ဖို့ပါပဲ။ ပြီးတော့အနိမ့်၊ အမြင့်တွေမရှိဘဲ တည်ငြိမ်မှုရှိတဲ့ အသင်းဖြစ်အောင်လုပ်ဆောင်မယ်” လို့ နည်းပြကွန်တီကပြော ပါတယ်။

ကွန်တီအနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ သူလိုချင်တဲ့ ကစားသမားတချို့ခေါ် ယူသွားဖို့လည်း ခွင့်ပြုချက်ရထားတယ်လို့သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up