close

ထန်တလန်အတွက် ပန်ဆယ်လိုနှင့် သူငယ်ချင်းများက ကျပ်သိန်း ၃၀၀ လှူဒါန်း

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ဘေး ရှောင်  ပြည်သူတွေအတွက် ပန်ဆယ်လိုနဲ့ သူငယ်ချင်းတွေက ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထန်တလန်မြို့ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အထွေ ထွေညီလာခံမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြည်သူတွေကို စစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ပြုလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up