close

၉ လကျော်အတွင်း စစ်တပ်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၂၄၀ ကျော်၊ ဖမ်းဆီးခံရဆဲ ၇၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁,၂၄၁ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၀၃၃ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ တောင်မော် ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေ တပ်စွဲထားခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့ မွန်း လွဲပိုင်းမှာတော့ အထက်တန်းပြကျောင်းဆရာ ဦးဝေမင်းသူ၊ ကိုအောင်ကြည်လွင်၊ ကို အောင်နိုင်ဝင်းနဲ့ ကိုကျော်လင်းအောင်(ခ)ဖိုးလပြည့်တို့ကို သတ်ဖြတ်သွားခဲ့ကြောင်း သိရှိ ရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ် မြောင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားတ ယောက်ဖြစ်တဲ့ ကိုညီညီလင်းကို ပစ်သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up