close

လှိုင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မရမ်းကုန်းမြို့နယ်တရားရုံး ဗုံးပေါက်ကွဲ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ သမကုန်း(အပြင်ပဒံ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ  နိုဝင်ဘာ ၄ ရက် ည ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကို CGF HTY နဲ့ Spring Revolution Flames (SRF) တပ်ဖွဲ့တို့ပူးပေါင်းပြီး ပစ်မှတ်နေရာမှာ ဗုံး ၃ လုံး ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့ပေမဲ့ ၁ လုံးသာ ဖောက်ခွဲနိုင်ခဲ့​သလို  ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘူးလို့ CGF  HTY အဖွဲ့က ထုတ်ပြန်ပါတယ်။

ဗုံးပေါက်ကွဲရာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးနေပေမဲ့ တပ်ဖွဲ့ဝင်တွေ  အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်​ခဲ့တယ်လို့ CGF ကဆိုပါတယ်။

ဒါ့အပြင် မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ်က မြို့နယ်တရားရုံးကိုလည်း ညနေ ၆ နာရီကျော်က CGF HTY လက်အောက်ခံ တပ်ခွဲ  ၃ က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲမှု ပြုလုပ်ခဲ့ ​သေး​တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up