ထိုင်းရေဘေးသင့်ပြည်သူများအတွက် စစ်သားများက ကယ်ဆယ်ရေးလုပ်ဆောင်

ထိုင်းတပ်မတော်က စစ်သားသည်တွေဟာ နိုင်ငံတောင်ပိုင်းက ရေကြီးမှုနဲ့ ကြုံနေရတဲ့ ချွန်ဖေါခရိုင်ထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စစ်သားတွေက ကြိုးတန်းပေါ် စွန့်စွန့်စားစားသွားပြီး ရေဘေးကြုံနေရတဲ့ လူတွေကို တဘက်ကမ်းဆီ ပို့ဆောင်ပေးနေတာကို ရုပ်သံသတင်းမှာ တွေ့ရပါတယ်။
စစ်သားတစ်ယောက်က ရေစီးကြမ်းလာပြီး လူတွေကို မကယ်နိုင်တော့မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
အိမ်ငယ်လေးတွေ ရေစီးထဲ မျောပါသွားသလို ရေတိုက်စားလို့ ကမ်းပါးက သစ်ပင်တွေ ပြိုကျသွားတာတွေကိုလည်း တွေ့ရပါတယ်။
သောကြာနေ့က စတင်တဲ့ ဒီရေဘေးအတွင်း လူ ၂ ယောက် သေဆုံးပြီး လူ ၅၀၀၀ လောက် ရေဘေး ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။