close

လူဉီးရေ ၅၀၀ အထိ အွန်လိုင်းမှ ပါဝင်ဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုသစ် Google ကြေညာ

Google Workspace editions ဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ အွန်လိုင်း အစည်းအဝေး တွေ့ဆုံပွဲတွေမှာ လူဉီးရေ ၅၀၀ အထိ ပါဝင်နိုင် စီစဉ်ဖိတ်ကြားနိုင်တော့မယ်လို့ နိုဝင်ဘာ  ၁၆ ရက်စွဲနဲ့ Google က ကြေညာပါတယ်။ 

Google ရဲ့ ဝန်ဆောင်မှုတွေထဲက Workspace Business Plus, Enterprise Standard, Enterprise Plus, and Education Plus အသုံးပြုသူသာ ဒီဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ပရိသတ်ပေါင်း တသိန်းထိ တိုက်ရိုက်ကြည့်ရှုနိုင်အောင် Streaming တိုက်ရိုက်ထုတ်လွှင့်နိုင်ပါမယ်။ 

သာမန် အခမဲ့အသုံးပြုသူတွေကတော့ ပါဝင်ဆွေနွေးသူ လူပေါင်း ၁၀၀ ထိပဲ အသုံးပြုနိုင်ပါ သေးတယ်။  

၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကြောင့် ခရီးသွားလာလှုပ်ရှားခွင့် ကန့်သတ်ခံထားရတဲ့ လော့ဒေါင်းကာလအတွင်းမှာ Work-from-Home အခြေအနေ ပိုမိုကျယ်ပြန့်လာခဲ့ပြီး အွန်လိုင်းအစည်းအဝေးတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတခုဖြစ်လာခဲ့ပါတယ်။ 

Microsoft Team, ZOOM, Google Meet နည်းပညာတွေကိုအသုံးပြုသူတွေများပြားလာတဲ့ထဲမှာ ZOOM ရဲ့ လုံခြုံရေးစနစ် အားနည်းချက်ကို စိုးရိမ်သူတွေအတွက်ကတော့ တခြားရွေးချယ်စရာအနေနဲ့ Microsoft Team, Google Meet တွေကို ပိုမိုသုံးစွဲလာကြပါတယ်။ 

Google ရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူ ကမ္ဘာအနှံ့အပြားမှာ သန်းပေါင်း ၄၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံတကာ စာရင်းအင်းတွေမှာ တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up