close

ကျိုက်ထိုမြို့တွင် ဒေသခံပြည်သူ ၄၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဒေသခံ ပြည်သူ ၄၀ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အမျိုးသား  တယောက် ဖမ်းဆီးခံရပြီးနောက် အရပ်သားပြည်သူတွေ ဆက်တိုက်ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကျိုက်ထိုက ဒေသခံပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်တာ၊ ငွေကြေးထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်တိုက် ဖမ်ဆီးနေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်နေ့ထိ ဖမ်းဆီးခံရသူ ၄၀ ဦး ထက်မနည်း ရှိလာပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ ကျိုက်ထိုလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟ အပါအဝင် လုပ်ငန်းရှင်တချို့လည်း ပါဝင်နေပြီး  အဖမ်းခံရသူအများစုက လူငယ်နဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက NLD ပါတီ ထောက်ခံသူတွေနဲ့ ဒေသခံပြည်သူတွေကို နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးတာနဲ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up