ဩစတြေးလျတွင် လမ်းပေါ်သွားလာသူများကို ပစ်ခတ်ခဲ့သည့် သေနတ်သမား ၁ ဦး ဖမ်းမိ

အနက်ရောင် ဝတ်ထားတဲ့ မျက်နှာဖုံးစွပ် သေနတ်သမား တယောက်ဟာ ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ်က ဝူလန်ဂွန်းမြို့ စျေးဝယ်ထွက်ရာ နေရာမှာ ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို သေနတ်နဲ့ ပစ်ခတ်အပြီး နိုဝင်ဘာ ၂၈ ရက်က ရဲတွေ ဖမ်းတာ ခံခဲ့ရပါတယ်။
အသက် ၄၀ အရွယ် အမျိုးသားဟာ ကားတစီးကို အရင်ပစ်ခတ်ခဲ့ပြီး ရေငုပ်ပစ္စည်းအရောင်းဆိုင်ကို သွားရောက်ကာ ဝန်ထမ်းတယောက်ကို ဖမ်းဆီး ပြန်လွှတ်ပေးခဲ့ပြီးနောက် ဝင်ဒန်ရပ်ကွက်နားမှာ အဖမ်းခံခဲ့တယ်လို့ ရဲက ပြောပါတယ်။
“သူဟာ သေနတ်ကိုင်ခွင့် လက်မှတ်ရဖြစ်ပြီး ပြည်တွင်း စနစ်အရ သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရဲက သိတယ်။ သူဟာ ရဲတွေကြားမှာ လူသိများသူလို့တော့ ကျနော် ပြောမှာ မဟုတ်ဘူး”လို့ လက်ထောက်ရဲကော်မရှင်နာမင်းကြီး ဂျိုးဇက် စက်ဆာက သတင်းထောက်တွေကို ပြောပါတယ်။
ဖမ်းဆီးခံရသူဆီမှာ သေနတ် ၂ လက်နဲ့ ခဲယမ်းမီးကျောက်တွေ တွေ့ရှိခဲ့ကာ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။