close

ယူကရိန်းကို ရုရှားကျူးကျော်ပါက စီးပွားရေးအပေါ် သက်ရောက်မှုကြီးမည်ဟု အမေရိကန်ပြော

တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ရင် စီးပွားရေးအပေါ် အကြီးအကျယ် အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။

“ရုရှားက ယူကရိန်းအပေါ် သိသိသာသာ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ စီမံနေတဲ့ သက်သေတွေကြောင့် အမေရိကန်က နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်။ တကယ်လို့ ရုရှားက ကျူးကျော်ခဲ့ရင် အမေရိကန်က စီးပွားရေးကို ကြီးကြီးမားမား သက်ရောက်စေမယ့် လုပ်ဆောင်ချက် တသီတသန်းနဲ့ တုံ့ပြန်မယ်” လို့ ဘလင်ကန်က ပြောပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အတွင်းမှာ ဘလင်ကန်က ခုလို ပြောလိုက်တာပါ။

ရုရှားဟာ အကြီးစား စစ်ဆင်ရေးအပြင် ယူကရိန်းနိုင်ငံ မတည်ငြိမ်အောင် လုပ်မယ့် အားထုတ်ချက်တွေကိုပါ စီမံထားတယ်လို့ လတ်ဗီယာနိုင်ငံ ရီဂါမြို့မှာ ကျင်းပတဲ့ နေတိုး အစည်းအဝေးမှာ ဘလင်ကန်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ရည်မှန်းထားတဲ့ အကြံအစည်အပေါ် အမေရိကန်ရဲ့ အကဲဖြတ် သုံးသပ်ချက်ကို ဘလင်ကန်က အရှင်းလင်းဆုံး ကမ်းလှမ်းခဲ့တာပါ။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်နဲ့ အမေရိကန် ထိပ်တန်း သံတမန်တို့ကြား ဒီဇင်ဘာ ၂ ရက်မှာ တင်းမာတဲ့ တွေ့ဆုံမှု တရပ်စီစဉ်ထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြန်သိမ်းဖို့ ယူကရိန်းအစိုးရက အကွက်ချနေတယ်လို့ ရုရှားက စွပ်စွဲရင်း ယူကရိန်းနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ ရပ်တည်ချက်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သက်သက်ပဲလို့ ရုရှားအစိုးရက အရင်က ပြောခဲ့ဖူးပါတယ်။  ယူကရိန်း အစိုးရကတော့ ရုရှားရဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up