close

အမေရိကန်နှင့်တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်လည်ပတ်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုဒ် အော်စတင်ဟာ ဒီဇင်ဘာ ၂ ရက်မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောဥနဲ့ တွေ့ဆုံခဲ့ပါတယ်။

အော်စတင်နဲ့ အမေရိကန်စစ်တပ် ထိပ်တန်း အရာရှိတွေဟာ တောင်ကိုရီးယား စစ်တပ်ထိပ်တန်း အရာရှိတွေနဲ့အတူ နှစ်စဉ်ကျင်းပနေကျ လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံ အစည်းအဝေးကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးငြိမ်းချမ်းရေး စာချုပ် မချုပ်ရသေးတဲ့ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲရဲ့ အမွေ အနှစ်အနေနဲ့ တောင်ကိုရီးယားမှာ အမေရိကန် စစ်သည် ၂၈၅၀၀ ကို လက်ခံထားပါတယ်။

ဒီအစည်းအဝေးဟာ ဇန်နဝါရီလမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အာဏာရအပြီး မဟာမိတ်တွေ ကြား ပထမဆုံး တရားဝင် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ဖြစ်လာပါတယ်။

တောင်ကိုရီးယားအစိုးရဟာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ရပ်နေတာကနေ ပြန်စနိုင်ဖို့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး ကြေညာချက်ကို အမေရိကန် အစိုးရက ထောက်ခံဖို့ ဆွဲဆောင်နိုင်ရေး ကြိုးစားနေပါတယ်။

ကြေညာချက်ကို ထောက်ခံဖို့ အမေရိကန်အရာရှိတွေက အချက်ပြခဲ့ပေမဲ့ လုပ်ဆောင်ချက် အစီအစဉ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ သဘောမတူတာတွေ ရှိကောင်း ရှိနိုင်တယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up