close

မန္တလေး တမြို့လုံး Silent Strike သပိတ်လှုပ်ရှားမှုတွင်ပါဝင်

ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မန္တလေးမြို့ တစ်မြို့လုံး Silent Strike လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး အရင်လူစည်ကားတဲ့နေရာတွေမှာ လူရှင်းနေတာကို တွေ့ကြရပါတယ်။

ဈေးချိုတော်ဝန်းကျင်၊ ကျောက်ဝိုင်းဝန်းကျင်၊ ဘူတာကြီးအနီးပါတ်ဝန်းကျင်၊ လမ်း ၃၀၊ ၃၅ လမ်း ၊ သိပ္ပံလမ်း ၊ ၆၂ လမ်း ၊ ၇၃ လမ်း စတဲ့ လူစည်ကားရာ နေရာတွေနဲ့ လမ်းတွေမှာ အသွားအလာမရှိသလောက်နည်းပါးကြပါတယ်။

ဒါ့အပြင် ဈေးတွေက ဆိုင်ခန်းတွေ၊ အိမ်ဆိုင်တွေလည်း ပိတ်ထားကြပြီး Silent Strike မှာ ပါဝင်ခဲ့ကြတာကို တွေ့ရကာ အလုပ်များလည်း ရပ်နားထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up