ကူလူဆက်ဗ်စကီး၏အနာဂတ် အေးဂျင့်ဖြစ်သူနှင့် ဂျူဗင်တပ်စ် ဆွေးနွေးမည်

ဂျူဗင်တပ်စ်အသင်းအနေနဲ့ အသင်းရဲ့ ဆွီဒင်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အေးဂျင့်ဖြစ်သူ အလက်ဆန်ဒရိုလက်ချီနဲ့ လာမယ့်ရက်သတ္တပတ်အတွင်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကူလူဆက်ဗ်စကီးကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကလည်း စောင့်ကြည့်နေပြီး တရားဝင် ကမ်းလှမ်းတာတွေလည်း မကြာမီ ပြုလုပ်သွားနိုင်ပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ ကူလူဆက်ဗ်စကီးအတွက် ယူရို ၃၅ သန်းခန့် အလိုရှိနေပြီး အသင်း ဘဏ္ဍာရေးအခြေအနေအရ လာမယ့်ဇန်နဝါရီမှာ ရောင်းချသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။