close

မွန်ပြည်နယ်၊ လမိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင် ၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ လမိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင် ကိုမင်းသိန်းထွန်းဦး(ခ) ကိုစကစ်ကို ဒီဇင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲလောက်က  စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုမင်းသိန်းထွန်းဦးကို စစ်ကောင်စီတပ် အင်အား ၂၀ လောက်နဲ့ လမိုင်းမြို့က နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး  ဘာကြောင့် လာရောက် ဖမ်းဆီးသွားလဲဆိုတာကိုတော့ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေအဆိုအရ ကိုမင်းသိန်းထွန်းဦးကိုတော့ လမိုင်းမြို့၊ မော့ကနင်ကျေးရွာရှိ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ကိုမင်းသိန်းထွန်းဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးတာဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ဖေ့စ်ဘွတ်ခ်  ပရိုဖိုင်ပြောင်းတင်ထားတဲ့ကိစ္စနဲ့ သက်ဆိုင်နိုင်တယ်လို့  ဒေသခံက ခန့်မှန်း ပြောပါတယ်။

ကိုမင်းသိန်းထွန်းဦးဟာ လမိုင်းမြို့မှာ Honda Showroom အရောင်းပြခန်း ဖွင့်လှစ်ထားပြီး လူမှုအကျိုးပြု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

Photo Credit- ကိုမင်းသိန်းထွန်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up