ကိုဗစ်အရေးပေါ်အခြေအနေကြေညာချက်အပေါ် တူရင်မြို့သားများ ဆန္ဒပြ

အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ အရေးအပေါ်အခြေအနေ ကြေညာချက်ကို စနေ့နေ့က တူရင်မြို့မှာ လူရာချီပြီး ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အာထားပြနိုင်မှ စားသောက်ဆိုင်တွေ ဈေးဆိုင်တွေ အဆောက်အအုံတွေထဲ သွားလာခွင့်ပြုမယ့် ဥပဒေကို ဆန့်ကျင်ကြပါတယ်။
ကိုဗစ်အရေးပေါ်ကြေညာချက်က ဒီနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိဖြစ်ပြီး အစိုးရက နောက်နှစ် မတ်လ ၃၁ အထိ အခု ထပ်တိုးလိုက်တာကြောင့် မကျေမနပ်ဖြစ်နေတာပါ။
ဗဟိုအစိုးရက ကိုဗစ်ကိုအကြောင်းပြု အာဏာပါဝါ အလွန်အကျွံသုံးနေတယ်လို့လည်း ဆန္ဒပြသူ တွေက မြင်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ အမျိုးသားကျန်းမာရေးဌာန (ISS) ထုတ်ပြန်ချက်မှာ အီတလီ မြောက်ဘက်ကနေ တောင်ဘက်အထိ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်နေပြီး ၈၄ ဦးထိ ကူးစက်ခံထားရပါတယ်။
လတ်တလောထုတ်ပြန်တဲ့ စည်းကမ်းသစ်တွေအရ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသား သူတွေမှသာ အထောက်အထားပြပြီး စားသောက်ဆိုင်၊ ဘား၊ ကလပ်၊ ပြတိုက်၊ ရုပ်ရှင်ရုံ၊ အားကစားရုံနဲ့ အစိုးရသယ်ယူပို့ဆောင်ရေးယာဉ်တွေထဲ ဝင်ခွင့်ပြုပါတယ်။
အီတလီမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ လူဦးရေ ၈၀ ရာခိုင်နှုန်းရှိပြီး booster ထိုးပြီးသူ ၁၅ ရာခိုင်နှုန်းရှိပါတယ်။
ဒီလအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်သေဆုံးသူ တနေ့ ပျမ်းမျှ ၁၂၀ ဦး ရှိပါတယ်။