close

တောင်ကိုရီးယားကေပေါ့ BTS အဖွဲ့ဝင် ၃ ဦးတွင် ကိုဗစ်ပိုးတွေ့

နာမည်ကျော် တောင်ကိုရီးယား ကေပေါ့ ဂီတအဖွဲ့ (BTS) ရဲ့ အဖွဲ့ဝင်သုံးဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ့် Big Hit Music ကုမ္ပဏီ မန်နေဂျာက ပြောပါတယ်။ 

ကိုဗစ်ကပ်ဘေးကြောင့်  ကေပေါ့အဖွဲ့ကို အတော်ကြာအောင် ရပ်နားထားခဲ့ရပြီး၊ မကြာခင်က အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ဖျော်ဖြေခဲ့အပြီး တောင်ကိုရီးယားကို ပြန်လာမှ ကိုဗစ် positive တွေ့ရှိတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ BTS မှာ အသက် ၂၇ နှစ်ရှိ Rapper RM၊ အသက် ၂၉ နှစ်ရှိ အဆိုတော် ဂျင်နဲ့ သီချင်းရေးသူ ရပ်ပါ ဆူဂါ တို့သုံးဦး ကိုဗစ် positive ရလဒ်တွေ့ရှိတာပါ။ သုံးဦးစလုံး ဩဂုတ်လမှာ ကာကွယ်ဆေးနှစ်ကြိမ်  ထိုးပြီးသား ဖြစ်ပါတယ်။

၂၀၁၃ မှာ စတင်ခဲ့တဲ့ BTS အဖွဲ့ဟာ ကမ္ဘာတလွှားက ကေပေါ့ ရူးသွပ်တဲ့လူငယ်တွေကို အလန်းစားဂီတတွေ၊ အကတွေ သီးချင်းတွေနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။

၂၀၁၉ မှာ အမေရိကန်မှာ ပထမဆုံးစင်တင်ဖျော်ဖြေခဲ့ပြီး၊ ကပ်ဘေးမဖြစ်ခင် အာရှ၊ ဥရောပ၊ မြောက်အမေရိကတို့မှာ ပွဲတွေ ဆက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up