close

မန္တလေး Eco Max တာယာကြိတ်စက်ရုံ မီးလောင်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ လမ်း ၁၃၀ နဲ အေးသုခလမ်းကြားရှိ Eco Max တာယာပြန်ကြိတ်စက်ရုံမှာ ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက်စောက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “စက်ရုံထဲမှာ ၄ နာရီ ၃၀ မိနစ်လောက်က မီးလောင်တာ။ ဘာကြောင့်လည်းတော့ မပြောတတ်ဘူး။ မကြားသေးဘူး” လို့ ပြောပါတယ်။

မီးလောင်ရာကို ပြည်ကြီးတံခွန်မြို့နယ်၊ မီးသတ်တပ်ဖွဲ့အပါအဝင် နယ်မြေခံမီးသတ်တပ်ဖွဲ့တွေနဲ့ မီးသတ်ယာဉ်တွေ လာရောက်မီးငြိမ်းသတ်ကြတယ်လို့ သိရပါတယ်။

“၅ နာရီ ၇ မိနစ်မှာ မီးထိန်းနိုင်ပြီး ၅ နာရီ ၁၀ မိနစ်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” လို့ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စတင်လောင်ကျွမ်းမှုနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up