close

လူစာရင်းမှ ချန်လှပ်ခံခဲ့ရသဖြင့် အသင်းနှင့်ထပ်မံဆွေးနွေးမည်ဟု လူကာကူ ပြော

တိုက်စစ်မှူးလူကာကူဟာ ချဲလ်ဆီးအသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းနဲ့ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ 

လူကာကူဟာ အသင်းမှာ မပျော်မရွှင်ဖြစ်နေကြောင်းနဲ့ နည်းပြတူချယ်ရဲ့နည်းစနစ်အသစ်မှာ အခက်အခဲရှိကြောင်း ပြောကြားခဲ့ပြီးနောက်မှာ တူချယ်က လီဗာပူးနဲ့ ကစားခဲ့တဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။ 

လူကာကူကတော့ အဲဗာတန်ဂိုးသမားဟောင်း တင်ဟောင်းဝါ့ဒ်နဲ့ စကားပြောဆိုမှုတစ်ခုမှာ အသင်းနဲ့ဆွေးနွေးဖို့ တနင်္လာနေ့စီစဉ်ထားပြီး အဲဒီပွဲပြီးမှပဲ အသေးစိတ်ပြောပြနိုင်မယ်ဆိုပြီး စာရေးသားခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော် တအားကြီးပြောမပြနိုင်သေးဘူး။ ဒီကိစ္စက ကြီးမားတယ်။ တနင်္လာနေ့မှာ နောက်ထပ် အစည်းအဝေးလုပ်ဖို့ရှိတယ်။ အဲဒါပြီးမှ အခုထက်ပိုပြောနိုင်မယ်” လို့ အသင်းဖော်ဟောင်း တင်ဟောင်းဝါ့ဒ်ကို စာရေးပို့ခဲ့တယ်လို့ NBC Sport ကဖော်ပြခဲ့ပါတယ်။ 

နည်းပြတူချယ်ကတော့ လူကာကူရဲ့ မှတ်ချက်က ပွဲဆူစေပြီး ပွဲအပေါ်အာရုံစိုက်ဖို့ မလွယ်တာကြောင့် ချန်လှပ်ခဲ့တာဖြစ်ကြောင်း ရှင်းပြသွားပါတယ်။ 

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ချဲလ်ဆီးနဲ့ လီဗာပူး တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up