လူကာကူ အင်တာမီလန်အသင်းသို့ ပြန်မလာရန် ပရိသတ်များ ပိုစတာချိတ်ဆွဲဆန္ဒပြ

တိုက်စစ်မှူး လူကာကူကို အသင်းဆီပြန်မလာဖို့ ပိုစတာတစ်ခုနဲ့ အင်တာမီလန်ပရိသတ်တွေက ဆန္ဒပြခဲ့ပါတယ်။
လူကာကူဟာ စကိုင်းအီတလီယာနဲ့ အင်တာဗျူးမှာ အင်တာမီလန်က သူ့နှလုံးသားထဲမှာ ရှိနေဆဲ ဖြစ်ပြီး ထွက်ခွာလာခဲ့ရတာက အချိန်ကောင်းမဟုတ်သေးကြောင်း၊ တချိန်ကျရင် အင်တာမီလန်မှာ ပြန်ကစားချင်ကြောင်း လူကာကူက ပြောခဲ့တာပါ။
ချဲလ်ဆီးအသင်းမှာလည်း မပျော်မရွှင်ဖြစ်နေရပြီး နည်းပြတူချယ်ရဲ့ ကစားပုံအသစ် ပြောင်းလဲမှုမှာ အဆင်မပြေဖြစ်နေကြောင်း လူကာကူက ပြောပါတယ်။
အဲဒီသတင်းစကားကို အင်တာမီလန်ပရိသတ်တွေက ကြားသိရပြီးနောက်မှာတော့ အသင်းဆီ ပြန်မလာဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြတာပါ။
“မိုးရွာနေတုန်း ပြေးထွက်သွားတာက ကိစ္စမရှိပါဘူး။ မုန်တိုင်းထဲမှာ ဘယ်သူ ရှိနေခဲ့လဲဆိုတာပဲ ရေတွက်တယ်”လို့ အဓိပ္ပာယ်ရတဲ့ စာသားကို အီတလီလို ရေးပြီး အသင်းရဲ့ ကွင်းအပြင်ဘက်မှာ ပိုစတာတစ်ခု ချိတ်ဆွဲထားခဲ့တာပါ။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ မနှစ်က အင်တာမီလန်နဲ့ စီးရီးအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံခဲ့ရပြီး ရိုးမားတိုက်စစ်မှူး ဂျက်ကို ကို အင်တာမီလန်က အစားထိုး ခေါ်ယူခဲ့ရပါတယ်။