အီဂျစ်နိုင်ငံ ပင်လယ်နီဒေသတွင် နှင်းများ စတင်ဖုံးလွှမ်း

ဥရောပတလွှားက ကမ္ဘာလှည့်ခရီးသည်တွေအတွက် နွေးထွေးတဲ့ ဆောင်းရာသီ အပန်းဖြေစခန်းသာ မြို့ဖြစ်တဲ့ အီဂျစ်နိုင်ငံ ပင်လယ်နီဒေသမှာ ဇန်နဝါရီ ၁ ရက်ကစပြီး နှင်းတွေ လွှမ်းခြုံနေပါတယ်။
နှင်းမုန်တိုင်း ရှားရှားပါးပါး တိုက်ခတ်ခဲ့လို့ တမြို့လုံးက လူနေအိမ်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အခန်းတွင်းမှာပဲ နေကြတာပါ။
ဒါကြောင့် လူသူကင်းမဲ့နေတဲ့ လမ်းတွေ အားလုံးနီးပါးက ကားတွေပေါ်မှာ နှင်းတွေ အကြီးအကျယ် ကျဆင်းနေတာကို ရိုက်ကူးထားတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နေပါတယ်။
အီဂျစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေလို့ နိုင်ငံရဲ့စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP ရဲ့ ၅ ရာခိုင်နှုန်းကိုရတဲ့ ခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ် သက်ရောက်ခဲ့ပါတယ်။