close

ကိုဗစ်-၁၉ စံချိန်တင်ကူးစက်မှုကြောင့် တရုတ်နိုင်ငံ ရှီးအန်းမြို့ကို အသွားအလာကန့်သတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးလှိုင်း ပထမဆုံး ကူးစက်ရာ အချက်အချာဖြစ်တဲ့ ရှီးအန်းမြို့မှာ ဇန်နဝါရီ ၂ ရက်က နောက်ထပ်အသစ်ကူးစက်ခံလူနာ ၁၉၁ ယောက် တွေ့ရှိခဲ့ပြီးနောက် မြို့ကို အသွားအလာပိတ်ဆို့ ကန့်သတ်လိုက်ပါတယ်။

ကူးစက်ခံ ၁၃၁ ယောက်ကတော့ ဒေသတွင်းကူးစက်ခံရတာလို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။’

ဇန်နဝါရီ ၁ ရက်ကတော့ အသစ်ကူးစက်ခံ ၂၃၁ ယောက်အထိ စံချိန်တင်ကူးစက်ခဲ့ပြီး အဲဒီထဲက ၁၇၅ ယောက်က ဒေသတွင်းမှာတင် ကူးစက်ခံရတာပါ။ ကျဲ့ကျန်းနဲ့ ဟီနန်ပြည်နယ်တွေမှာလည်း အသစ်ကူးစက်ခံလူနာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

တရုတ်မြို့တော် ပေကျင်းဟာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီလထဲမှာ လက်ခံ ကျင်းပဖို့ ရှိနေတာပါ။

လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီဟာလည်း ငါးနှစ်တကြိမ် ညီလာခံကို ဆောင်းရာသီအတွင်း ကျင်းပဖို့ မျှော်လင့်ထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပါတီရဲ့ အတွင်းရေးမှူးတာဝန်ကို တတိယအကြိမ်မြောက် ဆက်လက်ထမ်းဆောင်မယ့် အလားအလာရှိတယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

အင်မတန် ကူးစက်မြန်တဲ့ အိုမီခရွန် ဗိုင်းရပ်စ် ဗီဇမျိုးကွဲရဲ့ အရေးပေါ် အခြေအနေကလည်း ကူးစက်မှုအတွက် ပိုတပ်လှန့်အောင် တရုတ်အစိုးရကို တွန်းအားပေးနေပါတယ်။

တရုတ်နိုင်ငံအတွင်း ပြည်ပကနေ ပြန်လာတဲ့သူတွေဆီကတဆင့် အိုမီခရွန် ကူးစက်ခံရသူ ရှိနေပြီး ပြည်တွင်းနေသူ အချင်းချင်းကြား ကူးစက်ခံတယောက်ထက်မက ရှိနေတယ်လို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up