မန်စီးတီးအသင်း နည်းပြဂွါဒီယိုလာအပါအဝင် အသင်သား ၂၁ ဦးအထိ ကိုဗစ်ကူးစက်ခံရ

မန်စီးတီးအသင်းမှာ နည်းပြဂွါဒီယိုလာအပါအဝင် အသင်းသား ၂၁ ဦးအထိ ကိုဗစ်ကူးစက်ခံထား ရတယ်လို့ အသင်းကအတည်ပြုသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ စနေနေ့မှာကစားမယ့် ဆွင်ဒင် တောင်းအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကိုဗစ်ပိုးစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာမှာ အသင်းသား ၂၁ ဦးမှာ ပိုးတွေ့ရှိခဲ့တာပါ။
ပိုးတွေ့ရှိခဲ့တဲ့ ၂၁ ဦးမှာ ကစားသမား ၇ ဦးပါဝင်ပြီး နည်းပြဂွါဒီယိုလာနဲ့ လက်ထောက်နည်းပြ ဟွမ်မာလီရယ်တို့လည်း ကူးစက်ခံရပါတယ်။
တခြား ၁၂ ဦးကတော့ အသင်းဝန်ထမ်း တွေဖြစ်ကြပြီး ၂၁ ဦးစလုံး သီးသန့်နေထိုင်နေတယ်လို့ မန်စီးတီးက တရားဝင် သတင်းထုတ်ပြန်ပါတယ်။
မန်စီးတီးအသင်းဟာ ကစားသမား ၇ ဦး ကိုဗစ်ကူးစက်ခံထားရပေမယ့် ဆွင်ဒမ်တောင်းအသင်းနဲ့ ပွဲစဉ်ကို လက်ထောက်နည်းပြဘော်ရီယယ်က တာဝန်ယူကာ ဆက်ပြီး ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပါတယ်။
ကူးစက်ခံရတဲ့ ကစားသမား ၇ ဦးကို အသင်းဘက်က မဖော်ပြခဲ့ပေမဲ့ ဖိုဒန်နဲ့ ဇင်ချန်ကိုတို့ ပါဝင်တယ်လို့သိရပါတယ်။