close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် အဂတိမှု ဆက်လက်ရုံးထုတ်စစ်ဆေး

စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ဇန်နဝါရီ ၇ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ ဇမ္ဗူသီရိအထူးရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ လရောင်တောစီမံကိန်းအတွက် မြေ ၁၀၁ ဒသမ ၃၃ ဧကနဲ့ ပုဗ္ဗသီရိမြို့နယ်က မြေ ၂၃ ဒသမ ၈၅၅ ဧကတို့ကို ချထားပေးမှု၊ လရောင်တောစီမံကိန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့အတွက် အဆောက်အဦးဆောက်လုပ်မှုတို့နဲ့ပတ်သက်တဲ့ အမှု သုံးခုကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုတွေအတွက် တရားလိုပြသက်သေအဖြစ် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဦးနေမျိုးအောင်နဲ့ ဦးအောင်မျိုးဦးတို့ နှစ်ဦးကို စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ ပြန်လည်ရုံးချိန်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ကို ရောက်ရှိပြီး ဟွန်ဆန်လာရောက်တာနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်တစုံတရာပေးတာမရှိဘူးလို့လည်း သိရပါတယ်။

Photo- State Counsellor Office

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up