ကာဇက်စတန်အရေး ရုရှား ပါဝင်နေမှု စိုးရိမ်ကြောင်း အမေရိကန်ပြော

ကာဇက်စတန်ရဲ့ လက်ရှိ ရှုပ်ထွေးနေတဲ့ အခြေအနေထဲ ရုရှား ဦးဆောင်တဲ့တပ်တွေ ဝင်ရောက်မှုကို အလွန်စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောလိုက်ပါတယ်။
“မကြာခင်က သမိုင်းသင်ခန်းစာတခုအရ သင့်အိမ်ထဲကို ရုရှားတွေ ဝင်လာပြီဆိုတာနဲ့ သူတို့ကို ပြန်ခိုင်းဖို့ အလွန်ခက်သွားပြီ။”
ကာဇက်စတန်အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့အခွင့်အရေးကို လေးစားသင့်ပြီး ညှိနှိုင်းဆွေးနွေးမှု လုပ်ဖို့ လိုအတယ်လို့ ဘလင်ကင်က ပြောပါတယ်။
“တဖက်က တရားဥပဒေစိုးမိုးရေးကို ထိန်းရင်း ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားသင့်ပါ တယ်။ မလိုအပ်ဘဲ ဘာကြောင့် ပြင်ပစစ်တပ်တွေရဲ့ အကူအညီ တောင်းခံခဲ့တာလဲ။ ပြဿနာတွေ ပိုရှုပ်ထွေးကုန်တယ်။ ဝင်လာပြီးရင် ပြန်မထွက်ချင်တဲ့ ရုရှားတွေကို ခေါ်လိုက်တာ သိပ်မှားပါတယ်။ ကျနော်တို့ အခြေအနေတွေ စောင့်ကြည့်နေတယ်။”
ကာဇက်စတန် အဓိကမြို့ကြီးတွေမှာ ဆန္ဒပြသူတွေ ရဲတွေနဲ့ ထိပ်တိုက်တိုး အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက် ရုရှား လိုလားတဲ့ ကာဇက်စတန်သမ္မတက ရုရှားတပ်တွေကို ဖိတ်ခေါ်ခဲ့တာပါ။
သမ္မတက ဆန္ဒပြသူတွေကို ပစ်သတ်ဖြိုခွင်းဖို့ ကာဇက်တပ်တွေကိုလည်း အမိန့်ပေးထားပါတယ်။