close

ကာဇက်စတန်အုံကြွမှုကိုနှိမ်နင်းရန် ရုရှားလေထီးတပ်များ ရောက်ရှိ၊ အကြမ်းဖက်မှုများထပ်ဖြစ်

ရုရှားအစိုးရရဲ့ အနီးကပ်ဆုံး ဆိုဗီယက် မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ကာဇက်စတန် နိုင်ငံအနှံ့မှာ လူထုအုံကြွမှုတွေကို နှိမ်နင်းဖို့ ရုရှားက လေထီးတပ်တွေ ညတွင်းချင်း ရောက်လာအပြီး ဇန်နဝါရီ ၆ ရက်က အကြမ်းဖက်မှုတွေ အသစ်ထပ်ဖြစ်ခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ အဓိကမြို့ အယ်လ်မာတီမှာ ရဲတွေက ညတွင်းချင်းအတွင်း အဓိကရုဏ်း သမား အယောက် ဒါဇင်ချီကို သတ်ဖြတ်ခဲ့တာပါ။

တစစီဖြုတ်ခံထားရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၁၈ ယောက် ထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူအယောက် ၂ ထောင်ကျော်လည်း အဖမ်းခံရပါတယ်။

နိုင်ငံတလွှားဒေသအသီးသီးမှာ ရဲအရာရှိတွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်လို့ ပြောထားတဲ့ ရုပ်သံတွေနဲ့ ဓာတ်ပုံတွေကိုလည်း ကာဇက်စတန် ရဲတပ်ဖွဲ့က ဖြန့်ချိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up