ကာဇက်စတန် ဆန္ဒပြပွဲအတွင်း သမ္မတအိမ်နှင့်မြို့တော်ဝန်ရုံး မီးလောင်

ကာဇက်စတန်နိုင်ငံ အယ်လ်မာတာမြို့ကြီးမှာ ဇန်နဝါရီ ၆ ရက်က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ သုံးရက်မြောက် ထိပ်တိုက်တိုးမှုတွေဆက်ဖြစ်ပြီး သမ္မတအိမ်တော်နဲ့ မြို့တော်ဝန်ရုံး အကြီးအကျယ် မီးလောင်ခဲ့ပါတယ်။
လုံခြုုံရေးရဲ ၁၂ ဦး သေဆုံး၊ ၁ ဦး ခေါင်းပြတ်နေတယ်လို့ နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့လေဆိပ်ကို မနေ့နေ့လယ်ပိုင်းမှာ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ကာဇက်စတန်ဟာ ၁၉၉၁ ဆိုဗီယက်ထံက လွတ်လပ်ရေးရပြီး တည်ငြိမ်မှု အတော်အတန်ရှိခဲ့ ရာကနေ အခုနှစ်စမှာ ဓာတ်ငွေ့လောင်စာဆီဈေး တက်လိုက်တာကြောင့် လူထုက ဒေါသထွက်ပြီး ဆန္ဒပြကြတာပါ။
ဆိုဗီယက်နိုင်ငံဟောင်းတွေဖြစ်တဲ့ ရုရှား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ အာမေးနီးယား၊ ဘီလာရုဇ်တို့က တပ်တွေ ကာဇက်စတန်ထဲ ဝင်ရောက်လာပါတယ်။
ကာဇက်စတန်က အဲဒီ ဆိုဗီယက်နိုင်ငံဟောင်းနိုင်ငံတွေနဲ့ စစ်ရေးသဘောတူစာချုပ် (CSTO) ချုပ်ဆိုထားတာပါ။
ရုရှားတပ်တွေ ကာဇက်စတန်ထဲ ဝင်ရောက်လာတာကို အခြားနိုင်ငံရဲ့ အချုပ်အခြာထဲ ဝင်ရောက်စွက်ဖက်မှုလို့ အမေရိကန်က စွပ်စွဲလိုက်ပြီး ရုရှားကလည်း ကာဇက်လူထုအုံကြွမှုနောက်ကွယ်မှာ အမေရိကန်ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိတယ်လို့ တုံ့ပြန်ပါတယ်။