close

ကယားတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပရဟိတလူငယ် ၃ ဦးသေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၅ နာရီကော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် နန်းမယ်ခံမှာ ရဟိတလုပ်ဆောင်သူ လူငယ် ၃ ဦး ထိမှန်သေဆုံးသွားတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံနဲ့ ၁၁ ထပ် ဟိုတယ်အနီး  ဒိကနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြာတဲ့အတွက် ညနေ ၅ နာရီ ၂၅ မိနစ်ကစပြီး မိုင်းလုံးရပ်ကွက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီးမော့ဆိုမြို့နယ် နန်းမယ်ခဒ့ကျေးရွာကိုလည်း လေးကြောင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ ပရဟိတ သမားတဦးက “အဲနားတဝိုက်မှာ ကျမတို့ရှိတယ်။ ကျမတို့အဖွဲ့မဟုတ်ဘူး၊ ဒီတိုင်းပြည်သူတွေပဲ ထိတာရှင့်။  အိမ်မှာ ယောကျ်ားလေးတွေပဲ ကျန်ခဲ့တာ။ လက်နက်ကြီးက အစတွေ ထိတာပေါ့။ တချို့ပြည်သူတွေအိမ်ပျက်တယ်ပေါ။ ”

ညနေပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်လိုက်မှုကြောင့် နန်းမယ်ခုံကျေးရွာအတွက် ဆေးရုံအနီး၊ ကျောင်းအနီးကျပြီး ထိခိုက်မှုသေဆုံးမှုတွေ ရှိခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

နန်းမယ်ခုံမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းနဲ့ အခုလို တိုက်ခိုက်သွားတာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်ကြောင်းလည်း KNDF က ထုတ်ပြန်ထားပါတယ်။

စစ်တင်ဘာလ ၇ ရက်နေ့ကစပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် တရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့ လွိုင်ကော်မြို့ခံတချို့ဟာ နန်းမယ်ခုံဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် သူတို့ရှိရာဒေသကို စစ်ကောင်စီရဲ့ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ စစ်ရှောင်တွေဟာ နေရာထပ်မံပြောင်းရွှေ့ခဲ့ရသလို နန်းမယ်ခုံကျေးရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ရွာတွင်းအိမ်စောင့်တဲ့ အမျိုးသားတွေပဲ ကျန်ခဲ့တဲ့အချိန်မှာ အခုလို လေကြောင်း တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

လွိုင်ကော်မြို့ပေါ်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုအပြင် ဘုန်းတော်ကြီးကျောင်းက ဘုန်းကြီးတွေ၊ သီလရှင်တွေလည်း နီးစပ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အနည်းစုသာ မြို့ကိုမစွန့်ခွာသေးဘဲ ကျန်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up