တီဂရေးဒေသ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀၈ ဦး သေဆုံး

3
အီသီယိုးပီယားနိုင်ငံ တီဂရေးဒေသမှာ ဇန်နဝါရီအစပိုင်းကတည်းက အစိုးရရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၁၀၈ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်ပါတယ်။
OHCHR အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စလစ်ဇ်သရိုဆဲလ်က “ဒီနှစ်စကတည်းက အီသီယိုပီးယား လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၀၈ ဦး သေဆုံးပြီး ၇၅ ဦး အပြင်းအထန် ဒဏ်ရာရထားပါတယ်” လို့ ဂျာနီဗာမြို့အခြေစိုက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။