close

ဘဏ္ဍာရေးနှင့် ဒဏ်ရာရကစားသမားများကြောင့် အဲဗာတန်နှင့် လမ်းခွဲခဲ့ရဟု ဘင်နီတက်ဇ် ပြော

အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့ရတာဟာ ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ဒဏ်ရာရ ကစားသမားတွေကြောင့် ဖြစ်တယ်လို့ နည်းပြဘင်နီတက်ဇ်က အကြောင်းပြချက်ပေးသွားပါတယ်။

ဘင်နီတက်ဇ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး နောဝှစ်ချ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်ကပွဲစဉ်မှာ ရှုံးပွဲထပ်တွေ့ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အသင်းကို စတင်ရောက်ရှိခဲ့ချိန်ကစတင်ပြီး အစွမ်းကုန်ကြိုးစားခဲ့သလို ရလဒ်ကောင်းဖို့တင်မဟုတ်ဘဲ ပရိသတ်တွေရဲ့ရင်ထဲအထိ ရောက်ဖို့လည်း ကြိုးပမ်းကစားစေခဲ့တယ်လို့ ဘင်နီတက်ဇ်က ပြောပါတယ်။

“ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာမယ်။ ပြီးတော့ ကစားသမားသစ်တွေ ရောက်လာမယ်ဆိုရင် အခုထက်ပိုကောင်းတဲ့ခြေစွမ်းရမယ်ဆိုတာ သိပါတယ်။ ဒီနေ့ခေတ်မှာ ရလဒ်ကောင်း ချက်ချင်းရယူမပေးနိုင်ဘူးဆိုရင် စိတ်ရှည်မပေးတတ်ကြတာက ဝမ်နည်းစရာဖြစ်တယ်” ဘင်နီတက်ဇ်က ပြောပါတယ်။

ဘင်နီတက်ဇ်နေရာမှာဆက်ခံဖို့ အဲဗာတန်အသင်းက နည်းပြသစ်ရှာဖွေနေပြီး အသင်းနည်းပြဟောင်း လက်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်နည်းပြ မာတီနက်ဇ်ကို ပြန်ခေါ်ဖို့ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up