close

မန်ယူအသင်းအတွက် ကစားရန် ငြင်းဆန်ခဲ့ဖူးခြင်းမရှိဟု မာစီယယ် ပြန်လည်ရှင်းလင်း

မန်ယူနိုက်တက်အသင်းအတွက် ကစားပေးဖို့အတွက် ငြင်းဆန်ခဲ့ဖူးတာမရှိကြောင်း တိုက်စစ်မှူး မာစီယယ်ကပြန် လည်ရှင်းလင်းသွားပါတယ်။

မာစီယယ်ဟာ ဗီလာနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိတာက ပွဲကစားဖို့ ဆန္ဒမရှိတဲ့ မာစီယယ်ကြောင့်ဖြစ်တယ်လို့ နည်းပြရင်းနစ်ခ်က အတိအလင်းပြောခဲ့တာပါ။

မာစီယယ်ကတော့ အသင်းနဲ့ ပရိသတ်တွေကို မလေးမစားဖြစ်စေမယ့် အရာတစ်ခုမှ မလုပ်ဆောင်ခဲ့ဖူးကြောင်း၊ ပွဲကစားဖို့ ငြင်းဆန်ဖူးတာလည်း တစ်ကြိမ်တစ်ခါမှ မရှိကြောင်း သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ရေးတင်သွားခဲ့တာပါ။

“ ယူနိုက်တက်အတွက် ကစားပေးဖို့ ဘယ်တုန်းကမှ ငြင်းဆန်ဖူးခြင်းမရှိပါဘူး။ အသင်းမှာ  ၇ နှစ်ကြာ နေလာခဲ့တဲ့တလျှောက်မှာ အသင်းနဲ့ ပရိသတ်တွေကို မလေးမစား လုပ်ခဲ့တာမရှိဖူးသလို အဲဒီလိုလုပ်ဖို့လည်း ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး” လို့ မာစီယယ်က ဖြေရှင်းသွားပါတယ်။

မာစီယယ်ဟာ နည်းပြရင်းနစ်ခ်လက်ထက်မှာ ပွဲကစားခွင့်နည်းပါးနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုထားသူဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up