လူ ၇၇ ဦးသတ်ခဲ့သည့် နော်ဝေလူသတ်သမား တရားရုံးထုတ်စဉ် နာဇီသင်္ကေတ လက်မြှောက်ပြ

လူ ၇၇ ဦးကို သတ်ခဲ့တဲ့ နော်ဝေ လူသတ်သမား ‘အန်ဒါစ် ဘရိဗစ်ခ်’ ကို အကျဉ်းထောင်မှာ ၁၀ နှစ်ကျော်ကြာ ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ကြားနာဖို့အတွက် ဇန်နဝါရီ ၁၈ ရက်နေ့က တရားရုံးထုတ်ခဲ့ပါတယ်။
ဘရိဗစ်ခ်ဟာ အစွန်းရောက်လက်ျာဝါဒီဖြစ်ပြီး ၂၀၁၁ ခုနှစ်က အော်စလိုမြို့မှာ ကားဗုံးထောင်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး၊ ၆၉ ဦးကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တာပါ။ သူပစ်သတ်ခဲ့သူ အများစုက လေဘာပါတီရဲ့ လူငယ်ကမ့်စခန်းပွဲတခုမှာ ပါဝင်နေကြတဲ့ ဆယ်ကျော်သက်လေးတွေပါ။
အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ အသက် ၄၂ နှစ်ရှိ ဘရိဗစ်ခ်က တရားရုံးထဲဝင်လာစဉ်မှာ နာဇီသင်္ကေတ ညာလက်ကိုမြှောက်ပြပြီးနောက် လူဖြူကြီးစိုးရေး အရိပ်အမြွက်အချို့ ဖော်ပြခဲ့ပါတယ်။
“ငါတို့ လူဖြူနိုင်ငံတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်ပါ’ ဆိုတဲ့ စာသားအပါအဝင် အင်္ဂလိပ်လိုရေးထားတဲ့ စာရွက်အချို့ သယ်လာပါတယ်။
တရားသူကြီးကို စကားပြောရာမှာ သူ့ကိုသူ လွှတ်တော်ကိုယ်စားလှယ်တဦး ဂိုဏ်မျိုး ဖမ်းခဲ့ပါတယ်။
နော်ဝေနိုင်ငံ အကျဉ်းထောင်တွေဟာ အကျဉ်းသားတွေအတွက် ကမ္ဘာပေါ်မှာ နေပျော်ဖွယ်အရှိဆုံး အကျဉ်းထောင်တွေပါ။
အခု ဘရိဗစ်ခ်ဟာ နော်ဝေရဲ့အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်ကို ကျခံနေပြီး လွတ်ငြိမ်းချမ်းသာခွင့် စောစီးစွာရဖို့အတွက် အယူခံဝင်နေတာပါ။ မနှစ်က အယူခံကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။