close

စစ်ကောင်စီက ဒေါက်တာအာကာမိုးသူကို ထောင်ဒဏ် ၃ နှစ်ချမှတ်

ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ပါမောက္ခ ဒေါက်တာအာကာမိုးသူကို အာဏာသိမ်းစစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်တဲ့ တက္ကသိုလ်ဆရာသမဂ္ဂ အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာအာကာမိုးသူကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မနက် ၈ နာရီလောက် လှိုင်မြို့နယ် ပါရမီလမ်း နဲ့ မင်းဓမ္ဓလမ်းထောင့်မှာရှိတဲ့ MICTဝင်းအပေါက်ဝမှာ  တက္ကသိုလ်ဆရာဆရာမများ၊ ဝန်ထမ်းတွေရဲ့ CDM သပိတ်စစ်ကြောင်း  ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ အရပ်ဝတ် စစ်ကောင်စီ တပ်သားတွေရောက်ရှိလာပြီး စစ်ကြောင်းဖြိုခွဲကာ ဒေါက်တာအာကာမိုးသူကို သေနတ်နဲ့ထောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဒီလို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဆယ်လကျော်ကြာမှသာ မြောက်ဒဂုံမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီ‌ေ ထုတ်နုတ်ခံစားခွင့်တွေနဲ့ တခြားအခြေအနေတွေကိုတော့ ဘာမှမသိရသေးဘူးလို့ ရန်ကုန်တက္ကသိုလ်က ကထိက တစ်ဦးက ပြောပါတယ်။

ဒေါက်တာ အာကာမိုးသူဟာ တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ (RC of UTAs) အဖွဲ့ဝင်တဦးဖြစ်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ ပညာရေးဝန်ထမ်းတွေရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ဦးဆောင်သူတွေထဲက တဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up