close

ပါကစ္စတန် ဈေးတစ်ခု၌ ဗုံးပေါက်ပြီး လူ ၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လူထူတဲ့စျေးထဲမှာ ဇန်နဝါရီ ၂၀ ရက်က ဗုံးတလုံး ပေါက်ကွဲလို့ ၉ နှစ်အရွယ် ယောက်ျားလေး တယောက်အပါအဝင် လူ ၃ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။

စျေးထဲက ဆိုင်တဆိုင်ရဲ့ အပြင်ဘက်မှာ ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ မော်တော်ဆိုင်ကယ် တစီး ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒါဟာ ဗုံးကွဲတာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

​ပေါက်ကွဲမှုကြောင့် ဆိုင်တချို့ရဲ့ ရှေ့ပိုင်းတွေ မီးလောင်ခဲ့ပြီး ဆိုင်လက်ထောက် တချို့ ဒဏ်ရာ ရတဲ့အပြင် အနားက ဖြတ်သွားတဲ့ ကလေးတယောက်ရဲ့ ခြေထောက် နှစ်ဖက်လုံး လွင့်ထွက်သွားပြီး သွားပွေ့ချီတော့ အသက်မရှိတော့တာကြောင့် ဒါ အင်မတန် ပြင်းထန်တဲ့ ပေါက်ကွဲမှုပဲလို့ မျက်မြင်သက်သေ တယောက်က ပြောပါတယ်။

ဘာလိုချီစတန်ပြည်နယ် အနောက်တောင်ပိုင်းမှာ အခြေစိုက်တဲ့ အသစ်ဖွဲ့စည်းထားတဲ့ ခွဲထွက်ရေး အုပ်စုက ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ရိုက်တာသတင်းဌာန သတင်းထောက် တယောက်ဆီ စာတို ပေးပို့ အကြောင်းကြားခဲ့ပါတယ်။

တိုက်ခိုက်မှုရဲ့ ပစ်မှတ်က ဘဏ်တခုလို့လည်း သူတို့က စာတိထဲမှာ ဖော်ပြ ထားပါတယ်။

ဒီခွဲထွက်ရေးသမားတွေဟာ ဒေသတွင်း ကြွယ်ဝတဲ့ သတ္ထုရင်းမြစ် ဝေစုကို ပိုများများရဖို့ တောင်းဆိုရင်း ပါကစ္စတန် အစိုးရကို ဆန့်ကျင် သူပုန်ထနေခဲ့တာပါ။ 

များသောအားဖြင့် သူတို့ဟာ အီရန်နဲ့ အာဖဂန်နစ္စတန် နယ်စပ်တွေက တရုတ်စီမံကိန်းတွေနဲ့ အစိုးရ အကျိုးစီးပွားတွေကို တိုက်ခိုက်လေ့ ရှိပြီး လာဟိုးလိုမြို့ကြီးတွေကို တိုက်ခိုက်တာ ရှားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up