close

ရုပ်ရှင်မင်းသားကြီး အာနိုးလ် ယာဉ်တိုက်မှုဖြစ်၊ အသက်အန္တရာယ်မှ လွတ်မြောက်

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရုပ်ရှင်မင်းသားကြီး  အာနိုးလ်ရွှက်ဇနက်ဂါ ဟာ သောကြာနေ့က ပြင်းထန်တဲ့ ယာဉ်တိုက်မှုတခုဖြစ်ခဲ့ပြီး အက်ရှင်ဇာတ်ကားတွေထဲကအတိုင်း ဒဏ်ရာမရရှိဘဲ ဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။ 

ယာဉ်တိုက်မှုဖြစ်ပွားရာမှာ ကားလေးစီး ပါဝင်ပြီး အာနိုး မောင်းလာတဲ့ Yukon SUV အနက်ရောင်ကားက အနီရောင် Toyota Prius ကားရဲ့အပေါ်ကို ရောက်ရှိသွားပါတယ်။

တိုယိုတာကားမောင်းသူ  အပြင်းအထန် ဒဏ်ရာရရှိသွားပြီး  တခြားကား နှစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up