close

ပခုက္ကူ KBZ ဘဏ်ခွဲတစ်ခု မိုင်းခွဲခံရ

မကွေးတိုင်း ပခုက္ကူမြို့ ထင်းတန်းလမ်းပေါ်မှာရှိတဲ့ KBZ ဘဏ်ခွဲကို Earthquake People's Defence Force - UG  က ရှေ့ထွက်မိုင်း အသုံးပြုဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုပြလုပ်ခဲ့ပြီးနောက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်နဲ့ Mytel ရုံးတွေကို တတ်နိုင်သမျှရှောင်ရှားပြီး အဝေးမှာသာနေထိုင်ကြဖို့ သတိပေးထားပါတယ်။

Earthquake People's Defence Force - UG   ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးတဲ့နောက် အထိအခိုက် မရှိဘဲ သက်ဆိုင်ရာစခန်းများကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ပြည်သူလူထုရဲ့ သဘောထားကို အလေးထားတဲ့အနေနဲ့ KBZ Bank အနေနဲ့လည်း မိမိတို့ရဲ့ Bank အကောင့်တွေကို ပြန်ဖွင့်ပေးဖို့ အသိပေးထားပြီး ဆက်လက်ပိတ်ပင်မှုတွေ ပြုလုပ်နေပါက  ဘယ်သူ့အသက်မှ အာမ မခံကြောင်း သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိန်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up