close

မြို့တော်သစ် တည်ဆောက်မည့် ဥပဒေကြမ်း အင်ဒိုနီးရှားလွှတ်တော် အတည်ပြု

အင်ဒိုနီးရှားလွှတ်တော်က ရေနစ်မြုပ်ဖို့ အလားအလာရှိတဲ့ ဂျာကာတာမြို့ကနေ ကီလိုမီတာ ၂၀၀၀ ကျော်ဝေးတဲ့ အရှေ့ဘက် ဘိုနီယိုကျွန်းမှာ မြို့တော်သစ်ကို ပြောင်းရွှေ့တည်ဆောက်ဖို့ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

မြို့တော်နာမည်ကို ‘နူဆန်တရာ’ လို့ အမည်ပေးထားပြီး၊ ဂျားဗားဘာသာစကား ‘ကျွန်းစု’ လို့ အဓိပ္ပာယ်ရပါတယ်။

ဘိုနီယိုကျွန်း၊ အရှေ့ကလီမန်တန်ပြည်နယ်မှာ တည်ဆောက်မယ့် နူဆန်တရာမြို့တော်ရဲ့ လျာထားတဲ့ အကျယ်အဝန်းက ဟက်တာ ၅၆,၁၈၀ ရှိပြီး၊ ကနဦး စီမံကိန်းကို ဟက်တာ ၂၅၆,၁၄၂ နဲ့ စတင်မှာပါ။ စမတ်စီးတီးနဲ့ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပေါင်းစပ်ထားတဲ့ ယူတိုပီးယား ဒီဇိုင်းရေးဆွဲထားတာပါ။

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာနက အခု ၂၀၂၂ မှာ စတင်ဆောက်လုပ်ပြီး ၂၀၄၅ ခုနှစ်ကျမှ စီမံကိန်း လုံးဝပြီးစီးမယ်လို့ ပြောပါတယ်။ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံရှိပြီး လူဦးရေ သန်း ၃၀ ကျော်ရှိနေတဲ့ ဂျာကာတာမြို့ကြီးကို လျှော့ချဖို့ စီမံတာပါ။

လက်ရှိ ဂျာကာတာမြို့တော်ဟာ ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှု၊ ရေကြီးမှုတွေ ကြုံတွေ့နေရပြီး၊ ပညာရှင်တွေ ခန့်မှန်းချက်အရ ၂၀၅၀ မှာ မြို့အနောက်ဘက်ခြမ်းတခုလုံး ရေမြုပ်ဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up