close

ရန်ကင်း ယာဉ်ထိန်းရဲကင်းတွင် ဗုံး ၂ လုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းနဲ့ အောင်ဇေယျလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရဲကင်းမှာ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့ပါတယ်။

CCTV Control Box မှာ ဗုံး  ၁ လုံးစခွဲခဲ့တာဖြစ်ပြီး နောက်ထပ် စစ်ကောင်စီတပ်သားတွေ ရောက်လာချိန်မှာ နောက်တလုံးထပ်ကွဲခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ကျနော်တို့က မော်တော်ပီကယ်ရုံးမှာ တည်ထားပြီးခွဲတာ အဲ့မှာ စစ်သားတွေထပ်လာတဲ့အချိန်မှာ နောက်တလုံးထပ်ခွဲတာ သေချာတယ် ထိတာ အရေအတွက်သာမသိတာ”လို့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက DVB ကို အတည်ပြုပြောပါတယ်။

ဗုံး ၂ လုံးပေါက်ကွဲမှုပြီးနောက်  လူနာတင်ယာဉ်တွေ ယာဉ်ထိန်းရဲကင်းရှိရာနားကို ရောက်လာပြီး လူနာ တင်ခေါ်သွားတာ မြင်ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာပဲ မြောက်ဥက္ကလာပမြို့နယ်မှာ ဗိုလ်မှူးကြီးဟောင်းတဦးရဲ့နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up