close

စစ်ကောင်စီတပ်နှင့် ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့ အရှေ့ဘက် (၅) မိုင်လောက်အကွာ ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စု ဥယျာဉ်ခြံတွေထဲမှာ စစ်ကောင်စီတပ်နဲ့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ 

ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းလောက်ကစပြီး နှစ်ဖက်တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားနေကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှုနဲ့ပတ်သက်လို့ အတည်ပြုနိင်ခြင်းမရှိသေးဘူးလို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း စစ်ကောင်စီတပ်တွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ပုလောကုန်းကျေးရွာဘက်ကနေ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေကို ထိုးဖောက်ဝင်ရောက်တာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလို စစ်ကြောင်းထိုးလာစဉ် လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာသား တစ်ချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up