close

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အဂတိမှု ၁ မှု ထပ်တိုး အမှုဖွင့်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ငွေလှူဒါန်းတဲ့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲပြီး အဂတိလိုက်စားမှု နောက်ထပ် တမှု ထပ်တိုး အမှုဖွင့်လိုက်ပါတယ်။

ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းငွေအဖြစ်  အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း)ကို ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲပြီး လှူဒါန်းခဲ့တာဟာ  ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အမှုဖွင့်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ် မြေရဲစခန်းမှာ ဖေဖော်ဝါရီ ၃  ရက်က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အဂအတိအမှုတွေအပါအဝင် အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှုနဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးစီမံအမှုတို့ကို ဇန်နဝါရီ ၁၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ   ထောင်ဒဏ် ၄ နှစ် ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက်ကလည်း  ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ သဘာဘေးအမှုတို့အတွက် စစ်ကောင်စီတရားရုံးက  ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်စီ လျှော့ပေါ့ပေးခဲ့ပါတယ်။

အဆိုပါပြစ်ဒဏ်စီရင်ပြီး အမှု ငါးခုအတွက်  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကျခံရမယ့် စုစုပေါင်း ထောင်ဒဏ်ဟာ ၆ နှစ်ရှိပြီဖြစ်ပါတယ်။   

ဖေဖော်ဝါရီ  ၃ ရက်မနေ့က နေပြည်တော်တရားရုံးမှာ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်အမှုကိုရုံးထုတ်စစ်ဆေးရာမှာ အမှုတွဲမှာပါ၀င်နေတဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေမကောင်းလို့ တရားရုံးချိန်ကို မလာရောက်နိုင်ခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up